Luntaya Acheik - Amarapura

Luntaya Acheik is the name for a specific textile pattern that originated in Burma. The literal translation of Luntaya is "a hundred shuttles” and it refers to the complex process of weaving the pattern, which uses 100 individual shuttles, each wound with a different color of silk.   The pattern is worn for both social and religious occasions and is considered a ‘noble’ textile.  Amarapura is the main hub for weaving in Myanmar.

The example below dates back to the Konbaung Dynasty (1752-1885), and has been dated around 1870.  The Acheik is the horizontal wave.   It is woven as follows:  Warp - repeating bands of green, white, lime, yellow and coral colours.  Weft - three repeating Acheik patterns in the same colours as the warp.

Acheik – Background အချိတ် နောက်ခံသမိုင်းကြောင်း

ဆရာ ဦးရွှေထွန်း လွန်းရာကျော် ကြိုးကြီးချိတ် စာအုပ်(2006)မှ ဖော်ပြချက်များကို ကိုးကားပြီး မခင်လင်းနိုင် (Pochi) မှ ပြန်လည်ပြုစု ကောက်နုတ်တင်ပြသည်။

This background is referenced from the book Lune Yar Kyaw Kyogyi Cheik (2006) by U Shwe Tun

summarised by Khin Lin Naing, Pochi Studio in Yangon. 

 

မြန်မာ့ရိုးရာ အချိတ်ဒီဇိုင်း၏ မူလဇစ်မြစ်သည် နိုင်ငံ၏ မူလဇစ်မြစ်ဖြစ်ပြီး နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိနေပါသည်။

The origins of Burma’s traditional Acheik design date back hundreds of years to the very origins of the country itself.

 

မြန်မာ့အစ တကောင်းခေတ်တွင် ( ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀၀ ခန့်) အနောက် မဇ္စျိမတိုင်းမှ ဝင်ရောက်လာသော သာကီဝင်နွယ် လူမျိူးများသည် ဝါစေ့များ ယူဆောင်လာပြီး ဝါစိုက်၊ ဗိုင်းငင် အထည်ရက်ကြသည်ဟု စာဆိုရှင် တစ်ဦးက အဆိုပြုထားခဲ့ပါသည်။ သို့ရာတွင် နှစ်ကာလကြာမြင့်သည်ဖြစ်၍ အထောက်အထား ခိုင်လုံစွာ မရရှိသဖြင့် မည်သို့ အဆင်ဒီဇိုင်းများ ရက်လုပ်ဝတ်ဆင်ခဲ့ကြသည်ကို မသိရှိခဲ့ရပါ။

In around 500 BC (known as the Tagong era), members of the Taki tribe migrated from the western Mazzima region introducing cotton seeds and then cultivating cotton. Some historians suggest that they were already weaving at this time, but there is no clear evidence of either designs or garments woven during this time.

 

 တကောင်းခေတ်အပြီး သရေခတ္တရာခေတ်(ပျူခေတ်) ( သာသနာသက္ကရာဇ် ၆၀ မှ ၆၀၀ ကျော်အထိ) ကို လေ့လာကြည့်ရာတွင် ပျူလူမျိူးတို့ နေထိုင်ခဲ့သော ဒေသများမှ တူးဖော်ရရှိသော မြေအိုး၊မြေခွက်၊လည်ဆွဲရတနာများ၊ဒင်္ဂါးများ၊ကျောက်ပြားများတွင် ထွင်းထုထားသော ပျူစာပေနှင့် လူရုပ်ပုံများအရ လက်မှု လုပ်ငန်းများ တက်ကျွမ်းပြီး ယဉ်ကျေး သိမ်မွေ့စွာ ဝတ်ဆင်နေထိုင်ခဲ့ကြသည်ဟု မှတ်ယူရပါသည်။အိုးခြမ်းကွဲများပေါ်တွင် ဒီဇိုင်းအဆင်များရေးဆွဲထားမှုနှင့် ကျောက်ဆစ်ရုပ် လုံချည်အဆင်မှ ဒီဇိုင်းများကို ကြည့်ခြင်းအားဖြင့် အထည်ရက်လုပ်မှု ရှိသည်ဟု မှတ်ယူရသော်လည်း အထည်ရက်လုပ်ပုံနှင့် ပတ်သတ်၍ တိကျသောအထောက်အထား မတွေ့ရှိခဲ့ရပါ။

The Serakhatara period – also known as the Pyu period- 60BC to 600 AD – followed.   We have evidence that the Pyu were highly skilled in handicraft and lived in a relatively sophisticated society, evidenced by the discovery of earthenware, jewelry, coins, and stone carvings found in Pyu-inhabited regions.

If we look at the designs depicted on pots and stone carvings, we can surmise that cloth weaving existed during this time, though there is no clear evidence of the weaving methods used.

 

ပုဂံခေတ်( ခရစ်သက္ကရာဇ် ၁၀၇ မှ ၁၃၆၀ အထိ) နှစ်ပေါင်း ၁၂၅၀ ကျော်ကို ဆက်လက်၍ လေ့လာကြည့်ရာတွင် ကျောက်စာများအရ အဝတ်အထည်များ ရက်လုပ်၍ အထည်မျိုးစုံပေါ်ပေါက်နေသည်ဟု အခိုင်အမာ သိရှိရပါသည်။

When we move into the Bagan period (107AD - 1360 AD), there is clear evidence (from stone inscriptions) that a wide and diverse range of cloth was woven.

 

ပုဂံခေတ်နှောင်း အင်းဝခေတ် ဝတ်စားဆင်ယင်မှု ကို လေ့လာကြည့်ရာတွင် ခေတ်ဦးပိုင်းမှာ ပုဂံခေတ်နှောင်းနှင့် အတူတူနီးပါးနွယ်နေပြီး ခေတ်လယ်နှင့် ခေတ်နှောင်းများတွင်မူကား မြန်မာမှု မြန်မာဟန် ဆန်လာခဲ့ပြီး အမရပူရခေတ် နှင့် ရတနာပုံခေတ်ကို နွယ်လာကြောင်း တွေ့ရှိရပါသည်။

In the late Bagan era – the Inwa period – we find there is starting to be a shift towards what we could call a distinct Burmese style, influenced by Amarapura and Yadanarpon.

 

အင်းဝခေတ်နှောင်း ကုန်းဘောင်ခေတ်ဦးတွင် အလောင်းမင်းတရားကြီးနှင့် သားတော်တို့သည် အာသံမဏိပူရကို တိုက်ခိုက်အောင်မြင်ရာ ထိုမှ ကသည်းရက်ကန်းသည်များကို ခေါ်လာ၍ ပြည်မြို့အနီး ရွာဘိန်း၊ပေါက်ခေါင်းနှင့် အင်းဝဒေသတို့တွင် ပိုးမွေးမြူခြင်းနှင့် ရက်ကန်းအတတ်ကို သင်စေခြင်းပြုသည်ဟု အဆိုရှိပါသည်။

During the transition from the Inwa period to the Konbaung period, King Alaungmintaya and his son successfully launched an attack on Assam and Manipura.  As a result of this conquest, they brought skilled silk weavers from those regions and introduced them to the art of silk raising and weaving in the villages of Ywar Bain, Paukkaung and Inwa near Pyay City.

 

၎င်းအပြင် ဟံသာဝတီပါမင်း၏ အမှာတော်ပုံတွင် လက်ချိတ်လွန်းပြန်၊ဧကနံ သည်တွင် အစပေါ်လေပြီဟု ပါရှိရာအင်းဝခေတ် သက္ကရာဇ် (၁၀၉၅ မှ ၁၁၁၃ ထိ) အတွင်း၌ ကြိုးချိတ်အထည်များ စတင်ပေါ်ပေါက်ခဲ့သည်ဟု မှတ်သားရပါသည်။

အင်းဝခေတ်တွင် ကြိုးချိတ်ထည်များ စတင် ရက်လုပ်ခဲ့သည် ဆိုသော်လည်း အချိတ်ငယ်( ကြိုးငယ်) များသာရက်လုပ်နိုင်သေးသည်ဟု ခန့်မှန်းရပါသည်။ အမရပူရခေတ် (၁၁၈၁ မှ ၁၁၉၉ ခုနှစ်)တွင်မူကား ကြိုးချိတ်ကြီးများဖြစ်သော(ကြိုးကြီးထိပ်ခေါင်တင်) ( မြင်းမိုရ်ကြိုးကြီး)(စံပယ်နွဲ့) (ကြိုးကြီးချိတ်) စသော အဆင်များကို တခမ်းတနားရက်လုပ်နိုင်ကြောင်း မှတ်သားရပါသည်။

Historical records indicate that during the Inwa period (1095 to 1113) in the reign of King Hanthawati Pa, there was an emergence of Acheik – a pattern that featured intricate waves interwoven with bands of horizontal stripes and embellished with arabesque designs.  In the Inwa period, the number of colours and complexity of design was simple but by the Amarapura Age (1181-1199) – more colours and complex designs were achieved.   The most well-known names from Acheik weaving and production are Kyogyi Hteik Khaung Tin, Myintmo Kyogyi, Sabai Nwet and Kyogyi Cheik.

Next
Next

Mon Traditional Dress