Mon Dress

မွန်ရိုးရာဝတ်စုံ သမိုင်းကြောင်း

Mon Traditional Dress – A Brief History

မွန်ပြည်နယ်ကို ဘီစီ ၃၀၀ ခန့်ကပင် စတင်တည်ထောင်ခဲ့သည်ဟု ခန့်မှန်းရပြီး မွန်လူမျိုးများသည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော မျိုးနွယ်စုများအနက် အစောဆုံး အခြေကျနေထိုင်သူများလည်း ဖြစ်ပါသည်။

Mon state was founded around 300 BC - the Mon people were the earliest settlers among the various tribes that migrated into Myanmar.

မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် မင်းဧကရာဇ်၊ စစ်သေနာပတိ၊ မှူးကြီးမတ်ရာ၊ သူဌေး၊နယ်စား၊မြို့စား၊ ပြည်သူများ ဟူ၍ လူတန်းစားအမျိုးမျိုး ရှိခဲ့ကြသည့် အားလျော်စွာ ဝတ်စားဆင်ယင်မှုသည်လည်း လူတန်းစားကို လိုက်၍ တင့်တယ်စွာ ဝတ်စားဆင်ယင်ခဲ့သည်ဟု မှတ်ယူရပါသည်။

There were distinct classes within Mon society – including the monarch, emperor, commander, nobles, wealthy individuals and dukes.  Individuals’ dress conformed to their social class to ensure they were elegantly dressed.

လူမျိုးရေးဝါဒီ ပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်များနှင့် နယ်ချဲ့လက်အောက် ကျရောက်ခဲ့သောခေတ်တွင် မွန်လူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှု စတင်လွှမ်းမိုး ဖျက်စီးခြင်းခံခဲ့ရပါသည်။

The literary and cultural heritage of the Mon people was influenced by tribalism, feudalism and imperialism.

၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မွန်ဒေသမှ ရက်ကန်းလုပ်ငန်းရှင်များသည် ရောင်းအားကောင်းသော မြန်မာ့ အဝတ်အထည်များကို အဓိကထား ရက်လုပ်လာကြသည်။  မွန်ရိုးရာဝတ်စုံရက်ခတ်သူ မရှိသလောက် နည်းပါးခဲ့၍ အလွယ်ရသော မြန်မာ့အဝတ်အထည်များကိုသာ ဝတ်ဆင်ခဲ့ကြရသည်။ နှစ်များစွာကြာသောအခါ မွန်ရိုးရာဝတ်စုံမှာ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပြီး မွန်ရိုးရာဝတ်စုံ ဝတ်ဆင်ရန် လိုအပ်လာသောအခါတွင် မည်သည့်ဝတ်စုံကို ဝတ်ဆင်ရမည်ဟု မဝေခွဲနိုင်သော အခြေအနေသို့ပင် ရောက်ခဲ့ပါသည်။

In 1948, Mon artisans tended to produce and sell mainly traditional Burmese clothing.  Only a small number of individuals wove traditional Mon attire during this period so wearing Mon traditional dress was quite rare.

ဤပြသာနာကို ဖြေရှင်းရန် ၁၉၇၁ ခုနှစ်တွင် မွန်လူကြီး၊လူငယ်များ၊ ရဟန်းတော်များ၊ ဆရာ၊ဆရာမများ စုပေါင်း၍ ကော်မတီဖွဲ့စည်းကာ ရှေးခေတ်အဝတ်အစားများ/ အထောက်အထားများကို ပြန်လည်ရှာဖွေဖော်ထုတ်ရန် မွန်ဒေသအစုံသို့ သွားရောက်ခဲ့ကြသည်။ ရရှိလာသော အထောက်အထားများပေါ်တွင် မူတည်၍ အားလုံးစုပေါင်းကာ မွန်ရိုးရာဝတ်စုံ၏ ပုံပန်းသဏ္ဏာန် နှင့် အရောင်ကို အတည်ပြု သတ်မှတ်ခဲ့ကြသည်။

Therefore in 1971, Mon elders, monks and scholars united to establish a committee to rediscover ancient clothes and identities.  They travelled across the state gathering firsthand knowledge of Mon traditions, and re-established the look and color of the Mon traditional attire.

မွန်အမျိုးသားဝတ်စုံမှာ အပေါ်အင်္ကျီကို  အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး ဖော်ထားသော အစဖြင့် ရှေ့တိုက်ပုံကဲ့သို့ ချုပ်လုပ်ထားပြီး လက်ကိုမခေါက်ပဲ ဆန့်ထားသည်၊ အောက်အိပ်နှစ်လုံးလည်း ထည့်သည်၊ ကြိုးလေးချောင်း တပ်ထားပါသည်။ လုံချည်မှာ အနီရောင်ခံကာ အဖြူအကွက်ဖော်ထားပြီး နှစ်နံစပ် သဘောမျိုး ချုပ်လုပ်ထားပါသည်။

Traditional dress for Mon men features a collarless white shirt with red check, two large pockets and four fabric ties at the front.  The arms are straight without pleats. The Longyi is typically red colour with white check and with a white stripe in the middle - this actually used to be the line where two pieces of fabric were sewn together, but nowadays it is often incorporated as a design feature!

မွန်အမျိုးသမီး ဝတ်စုံမှာ အဖြူရောင်၊V သဏ္ဏာန် လည်ဝိုက်၊ရင်စေ့၊ ကြိုးငါးချောင်းတပ် လက်ရှည်၊အောက်အနား အနည်းငယ် ပိုရှည်ထားသော အင်္ကျီနှင့် ထမီမှာ အနီရောင်ခံ၊ ကြက်ခြေခတ် အနက်ကွက်၊ရောင်စုံအစင်း၊ အနီဗြောင်  ဟူ၍  ထပ်ဆင့်အထည် ဖြစ်ပါသည်။ မွန်အမျိုးသမီးများသည် ယပ်တုတ် ဟုခေါ်သော ပုဝါကိုလည်း ပခုံးတစ်ဖက်တွင်သိုင်းကာ ဝတ်ဆင်လေ့ရှိကြသည်။

The dress for Mon women is typically a long-sleeved white blouse with V-shaped neckline, and fastened with five ties. The longyi is usually red and includes black weave pattern, coloured stripes, and plain red fabric.   Mon women often wear a shawl - called a yat toot - which wraps diagonally over the body covering one shoulder and then dropping behind the back.

ယခုဆိုလျှင် မွန်အမျိုးသားနေ့(တပို့တွဲ လပြည့်ကျော် တစ်ရက်)၊ နေ့ထူးနေ့မြတ်များနှင့် မွန်အခမ်းအနားများတွင် မွန်ရိုးရာဝတ်စုံကို မွန်တိုင်းရင်းသားများမှ အမြတ်တနိုး ဝတ်ဆင်ထားသည်ကို ဂုဏ်ယူဖွယ် တွေ့မြင်ကြရပါသည်။

One can see Mon individuals wearing traditional dress on Mon National Day (one day after the full moon of Tabodwe), on other Mon special days and during Mon ceremonies.

Credits: summarized by Khin Lin Naing Pochi studio, Yangon from writings by Nini Hlaing (မွန်သမိုင်း) (Mon History)  ဖေဖော်ဝါရီ၇၊ ၂၀၁၉ 7 February 2019; စောမုံညင်း ( ၁၉၈၉ ခုနှစ်) Saw Mon Nyin (1989) မြန်မာအမျိုးသမီးများ ဆင်ယင်ထုံးဖွဲ့မှုDress code for Burmese women; photos: Wikimedia

Credits: Nini Hlaing (မွန်သမိုင်း) (Mon History)  ဖေဖော်ဝါရီ၇၊ ၂၀၁၉ 7 February 2019; စောမုံညင်း ( ၁၉၈၉ ခုနှစ်) Saw Mon Nyin (1989).  Summarised by Khin Lin Naing Pochi, Yangon
Photo credit: Wikimedia
Previous
Previous

Amarapura

Next
Next

Zin Mal Longyi - Inle Lake