Zin Mal Longyi - Inle Lake

အင်းလေးဒေသ၊အင်းပေါခုံရွာ၊ မြစင်္ကြာ ကြာထည်၊ပိုးထည်နှင့် ချည်ထည် ရက်ကန်းရုံမှ ရှေးအကြောင်း အမှတ်တရများ

Memories from Mya Sakkyar Lotus, Silk & Cotton Weaving workshop, Inn Paw Khone Village, Inle Lake. 

ဓာတ်ပုံ- မြစင်္ကြာရက်ကန်းရုံ၌ ခင်လင်းနိုင် ရိုက်ခဲ့သည်။

Photo credit: Khin Lin Naing at Mya Sakkyar.

အင်းလေးစည်းလုံချည်များမှာ ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်က လူကြိုက်များပေါ်ထွက်လာခဲ့ပြီး ယနေ့တိုင် တွင်ကျယ်နေဆဲဖြစ်ပါသည်။

Inle tie-dyed longyis became popular before the Second World War and have retained their popularity ever since.

၁၉၃၀ ခုနှစ် ဝန်းကျင်တွင် ဒေသတွင်းအလုပ်အကိုင်ရှားပါးမှု ပြဿနာကို ပြေလည်စေရန် ရည်ရွယ်၍ စည်းလုံချည် အတတ်ပညာကို မြစင်္ကြာရက်ကန်းရုံသို့ ဦးဘိုးဟန်(လက်ရှိမြစင်္ကြာပိုင်ရှင်၏ အဘိုး)မှ သယ်ဆောင်လာခဲ့သည်။

The techniques were brought to Mya Sakkar by U Bhoe Han (the current owner’s grandfather) who was concerned about unemployment amongst the weaving community on the Lake in the late 1930’s.

စည်းလုံချည် အတတ်ပညာကို ကမ္ဘောဒီးယားသို့ သွားရောက်ကာ လေ့လာဆည်းပူးခဲ့ပြီး မြန်မာသို့ပြန်လာကာ လက်ဆင့်ကမ်း သင်ကြား ဖြန့်ဝေပေးခြင်းဖြင့် ပျံနှံ့စေခဲ့သည်။

So he travelled to Cambodia to learn about the Cambodian weaving community’s tie-dye techniques, then returned to Burma and taught the techniques to his family members and Mya Sakkyar’s weavers. 

ဦးဘိုးဟန်သည် စည်းအတတ်ပညာဖြင့် အောင်မြင်စွာ လုံချည်အများအပြား ထုတ်ခဲ့ပြီး အလုပ်များပေးနိုင်ခဲ့သည်။စည်းလုံချည်များမှာလည်း ပွဲသွားပွဲလာဝတ်ဆင်ရန်ထိ လူကြိုက်များခဲ့သည်။

U Bhoe Han successfully produced many longyis with these new methods thus providing work for the community - they were popular, particularly for special ceremonies and events.

ကမ္ဘောဒီးယားမှ ပြန်လာစဉ်တွင် ထိုင်းနိုင်ငံ၊ဇင်းမယ်ဒေသကိုဖြတ်၍ ပြန်လာသည်ခဲ့ကို အမှတ်ရ၍ မြန်မာ အခေါ် စည်းလုံချည်များကို ဇင်းမယ်လုံချည်များဟု အမည်ပေးခဲ့သည်။

Because he had passed through the Zin Mal region of Thailand on his return home, he decided to call them ‘Zin Mal’ longyis.    They are also called Si longyis in Burmese.

ယနေ့ခေတ်တွင် အင်းပေါခုံကျေးရွာနှင့် အင်းလေးဒေသတစ်ဝိုက်တွင် ဇင်းမယ်လုံချည်များ ကျယ်ပြန့်စွာထုတ်လုပ်နေပြီး အင်းလေးစည်းလုံချည်များဟုလည်း ခေါ်ကြသည်။

Nowadays, Zin Mal longyis are widely produced around Inn Paw Khone village and the Lake – they are even referred to as Inle tie-dyed longyis.

စည်းဆိုးနည်းကို အခြေခံကာ အချို့ရက်ကန်းရုံများက ရှေးဟောင်းဒီဇိုင်းများ ပြန်လည်ထုတ်နေပြီး၊ အချို့က ရှေးဒီဇိုင်းနှင့်အသစ်များပေါင်းစပ်ကြပြီး၊ အချို့က ဒီဇိုင်းအသစ်များ ဖန်တီးထုတ်လုပ်နေကြပါသည်။  

Some weaving houses simply reproduce the old designs, some mix with old with new and others produce brand new designs but based on the Zin Mal techniques.

ဇင်းမယ်အထည် ခတ်နည်းမှာ စည်းဆိုးခြင်းနှင့် ရက်ကန်း(လွန်းအစဉ်လိုက် ရက်ခတ်) ပေါင်းစပ်ခြင်းဖြစ်သည်။

The Zin Mal method is mix of tie dye and weaving techniques.

ပထမဦးစွာ အဖောက်ချည်ပင်များ ပြင်ဆင်၍ လိုချင်သည့် ဒီဇိုင်း( ထွက်ရှိပြီး ဒီဇိုင်း)                                 

အတိုင်း ရအောင်  ကြိုးစည်းရမည်။အတိုင်ချည်ပင်များကို အရောင်တစ်ရောင်တည်းတိုင်ထားပြီး အဖောက်ချည်ပင်များကိုသာ စည်းဆေးဆိုးခြင်း ဖြစ်သည်။

Firstly, the weaver will prepare the threads for the tie-dye – they use the finished product/pattern as a guide.  Only the weft threads will be tie-dyed.

ကြိုးစည်းထားသည့် ထူသောအပိုင်းသည် ဆေးများဝင်ရောက်မှု မရှိဘဲ အဖြူအတိုင်း ဒီဇိုင်းပုံပေါ်ကာ ကျန်ရှိနေမည်။ ဒီဇိုင်းအတွင်းအရောင်ထည့်လိုပါက ကျန်အပိုင်းများကို ဖုံးအုပ်ပြီး ကြိုးများဖြည့်ကာ ထပ်ဆိုးရမည်။

The thicker parts of the cord block the colour from reaching some of the threads and so create the tie-dye pattern.

စည်းဆိုးထားသော ချည်ပင်ပေါ်ရှိ ဒီဇိုင်းအတိုင်း ရရန် ခွဲခြား၍ ရက်ဖောက်ယောက်ကာ လွန်းနံပါတ်စဉ်အတွင်းထဲကာ ဒီဇိုင်းအရ ရေတွက်ကာ ရက်ကန်းခတ်ရသည်။

The weaver then completes the design by weaving using shuttles that are numbered ensure the pattern is followed correctly.

Previous
Previous

Mon Traditional Dress